ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့ဝင်/မြို့ထွက်၌ ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးဂိတ်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

တောင်ကြီး ၂၆ စက်တင်ဘာ

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက လားရှိုးမြို့ နမ့်မော်ဖာကျောင်းတိုက်သို့ သွားရောက်ကာ နမ့်မော်ဖာကျောင်းတိုက်ရှိ ကျောက်တောင်၌ ဘုရားရုပ်ပွားတော်များ ထုလုပ်နိုင်ရန် ဆရာတော်သံဃာတော်များမှ ဘုရားအနေကဇာ တင်တော်မူခြင်း အခမ်းအနားကို တက်ရောက်သည်။ ရှေးဦးစွာ နမ့်မော်ဖာကျောင်းထိုင် ဆရာတော်အား ပူဇော်ကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ဝထ္ထုပစ္စည်းများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူတော်ငွေကျပ်သိန်း (၂၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဆက်ကပ်လှူဒါန်းကာ အမျှအတန်း ပေးဝေခဲ့ကြကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကျန်းမားရေးစစ်ဆေးဂိတ်တို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး ဌာနပေါင်းစုံမှ တာဝန်ကျဝန်ထမ်းများအတွက် လိုအပ်သည့်နေရာတွင် အသုံးပြုနိုင်ရန် ထောက်ပံ့ငွေကျပ် (၃)သိန်း ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)