ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မိုးစပါး ဧက (၂၇၅၄) ကျော် စိုက်ပျိုးပြီးစီး

မိုင်းခုတ်  ၁၅  ဇူလိုင် 

 

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နှင့် ကျေးရွာအတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါး (၂၇၅၄) ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း  လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးကိုကိုလေး၏‌ ပြောကြားချက်အရ သိရသည်။

 

“အခုအချိန်မှာတော့ တောင်ယာစိုက်ပျိုးဧကတွေ စိုက်လို့ ပြီးသွားပြီ။ လှေကားထစ်နည်းနဲ့ စိုက်ပျိုး တာတွေ၊ လယ်ယာတွေမှာလည်း စိုက်လို့ပြီး နေကြပြီ။ လယ်စိုက်တဲ့အခါမှာ ခြောက်တန်း တစ်တန်း နည်းဖြစ် အများဆုံးစိုက်ပျိုးကြတယ်” ဟု မိုင်းခုတ်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ လက်‌ထောက်ဦးစီး ဦးစည်သူလှိုင်က ပြောသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ရာသီတွင် လယ် (၂၇၅၄) ဧက၊ ယာ (၄၀၀၀)ဧက၊ ဥယျာဉ် (၉၂၅)ဧက၊ တောင်ယာ (၁၁၀၀) ဧက စုစုပေါင်း (၈၇၇၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

 ဆလိုင်းနိုင်းခွီရှိန်း (ပြန်/ဆက်)