ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နမ့်စန်မြို့နယ်အတွက် Covid-19 ရောဂါကာကွယ်ရေး ပစ္စည်းများလှူဒါန်း၍ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နမ့်စန် ဧပြီ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဧပြီ ရက် နံနက် နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့သို့ရောက်ရှိ၍ လွိုင်လင်နမ့်စန် မြို့ဝင်ဂိတ်တွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။

 

ထို့နောက် နံနက် ၁၀ နာရီအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမ့်စန်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ နမ့်စန်တပ်နယ်မှူးနှင့် တပ်မတော်အရာရှိများ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ Covid-19 ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အစီအမံများကို လမ်းညွှန်မှာကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ တင်ပြခဲ့ကြသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့က နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့အတွက် Mask PPE ဝတ်စုံ၊ အပူချိန်တိုင်းစက်၊ လက်အိတ်နှင့် လည်ရှည်ဖိနပ်များကို ပေးအပ်လှူဒါန်းခဲ့ပြီး ဆေးရုံအတွင်း ISOLATION WARDS များ စီမံဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သူရအောင်(ပြန်/ဆက်)