ရလဒ်ပိုင်းဆိုးရွားခဲ့ပေမယ့် ထုတ်ပယ်ခံရမှာကို မစိုးရိမ်ဘူးဆိုတဲ့ ပိုချက်တီနို

၇  အောက်တိုဘာ

စပါးအသင်းနည်းပြ ပိုချက်တီနိုဟာ  အသင်းရဲ့ရလဒ်ပိုင်းတွေ ဆိုးရွားနေခဲ့ပေမယ့် အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံရမှာကို မစိုးရိမ်ကြောင်း ပြောကြားလာပါတယ်။

စပါးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၈ မှာ ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းကို ခုနစ်ဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပါးအသင်းဟာ ပြီးခဲ့တဲ့လက ကိုလ်ချက်စတာအသင်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘာအို ဖလားပွဲစဉ်မှာလည်း ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် စပါးအသင်းနည်းပြရာထူးအတွက် စိုးရိမ်ပူပန်မှုရှိပါသလားလို့ မေးခဲ့တဲ့အခါမှာတော့ နည်းပြ ပိုချက်တီနိုက သူ့အနေနဲ့ ထုတ်ပယ်ခံရမှာ စိုးရိမ်မှုမရှိဘူးလို့ ဆိုပါတယ်။ လက်ရှိ ပရီမီယာလိဂ် အမှတ်ပေးဇယားမှာလည်း ရမှတ် ၂၄ မှတ် ရရှိရမယ့်အစား ၁၁ မှတ်သာ စုဆောင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ်မှာ ၁၇ ပွဲအထိ ရှုံးပွဲကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ ပိုချက်တီနိုဟာ စပါးအသင်းကို ၂၀၁၄ ခုနှစ်မှာ စတင်တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပြီး စပါးအသင်းအတွက် ရလဒ်ပိုင်းကောင်းမွန်မှုတွေ ရှိခဲ့ပေမယ့် အခု ၂၀၁၉ ခုနှစ်မှာတော့ ရလဒ်ပိုင်းက တော်တော်လေးဆိုးရွားခဲ့တာကြောင့် စပါးအသင်းနည်းပြအဖြစ် ပိုချက်တီနို ဆက်ရှိနေမလားဆိုတဲ့ မေးခွန်းတွေရဲ့ ထိုးနှက်မှုကို ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ပိုချက်တီနိုကတော့ ထုတ်ပယ်ခံရမယ်ဆိုရင်တောင် စိုးရိမ်ပူပန်မှု မရှိဘူးလို့ ဆိုပါတယ်။

ငွေကြယ်