ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကျောက်ဖြူမြို့ ကင်းချောင်းတံတားတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

ကျောက်ဖြူ   ၁၆    ဖေဖော်ဝါရီ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ယနေ့ မွန်းလွဲ  ၂ နာရီတွင် ပြည်နယ် လျှပ်စစ် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာ အကြီးအကဲများနှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာန ၊ တည်ဆောက်ရေး(၂) ၊ တံတားအထူး အဖွဲ့(၈)က တာဝန်ယူတည်ဆောက်လျက်ရှိသော ကျောက်ဖြူမြို့ ကင်းချောင်းတံတား (၁၂၆ ပေ ၊  ၇ လက်မ) တည်ဆောက်ရေးစီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

 

a

 

အောင်သန်းနိုင်(ပြန်/ဆက်)