ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း ဘူးသီးတောင် အကျဉ်းထောင်အား လှည့်လည်ကြည့်ရှုစစ်ဆေး

စစ်တွေ   ဇန်နဝါရီ   ၁၆ 

ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်းသည် ပြည်နယ်တရားရေး ဦးစီးမှူး ဒေါ်မြအေးနှင့် မောင်တောခရိုင် တရားသူကြီး ဦးမောင်လွင်တို့လိုက်ပါလျက် ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက မောင်တောခရိုင်၊ ဘူးသီးတောင် အကျဉ်းထောင်သို့သွားရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့သည်။

လှည့်လည် စစ်ဆေးကြည့်ရှုရာတွင် အကျဉ်းသား၊ အကျဉ်းသူများ၏ နေထိုင်စားသောက်ရေးအခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုအခြေအနေ၊ အကျဉ်းသား အကျဉ်းသူမျာ ဥပဒေအရ ရရှိမည့်အခွင့်အရေးများ ရရှိမှုအခြေအနေများကို အကျဉ်းသား အကျဉ်းသူများ၊ အချုပ်ကျ တရားခံများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ထို့နောက် အကျဉ်းသား၊ အကျဉ်းသူ များ၏ အိပ်ဆောင်များ၊ စားဖိုဆောင်၊ အကျဉ်းထောင် ဆေးပေးခန်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး အစီအမံများ ဆောင်ရွက်ထားရှိမ ှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဘူးသီးတောင် အကျဉ်းထောင်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။

တင်ထွန်း(ပြန်/ဆက်)