ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ၂၇   ဇန်နဝါရီ 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဉပဒေ(၂၀၁၈)ပါ ပြဌာန်းချက်များနှင့်အညီ ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ ဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသအသီးသီးတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ဟန်ချက်ညီညီ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်းကောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေစွာ လုပ်ကိုင်နိုင်စေရန်အတွက်လည်းကောင်း၊ ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အပံ့ကောင်းများ ရရှိလာနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်ရေးဆွဲသွားမည့် ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းပင်မစီမံကိန်းအတွက် အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီ (၂၅) ရက်မှ (၂၆) ရက်အထိ သံတွဲခရိုင်၊ ငပလီကမ်းခြေဒေသရှိ “Amazing Ngapali Resort ဟိုတယ်တွင် ကျင်းပသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၂၅) ရက်တွင် ကျင်းပရာ အခမ်းအနားသို့ ကော်မတီဉက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဉီးညီပုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီအတွင်းရေးမှူးဖြစ်သူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန (စစ်တွေ)ရုံးခွဲမှ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များ၊ ဒေသခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင်   ရခိုင်ပြည်နယ် ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားပြီး ရခိုင်ပြည်နယ်  ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရန်အတွက် ပြည်ပမိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော UNDP အဖွဲ့က ထောက်ပံ့ပေးခဲ့မှုနှင့် ပြည်တွင်းအဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် စီစဉ်ဆောင်ရွက်မှု အခြေအနေများကို  ပြောကြားသည်။

 

‌ေ

 

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က  အလုပ်ရုံဆွေးနွေးပွဲ  အဆင်ပြေစွာ ကျင်းပပြုလုပ် ဆောင်ရွက်နိုင်ရန်အတွက်အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော ပြည်တွင်းမိတ်ဖက်အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Plastic Asia Travel Association(PATA) ၏ Director ဖြစ်သူ  Mr.Graham Leith Harper မှ “ Achieving Sustainable Tourism Development “ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ UNDP  အဖွဲ့၏  Chief Technical Advisor  ဖြစ်သူ Mr.Singay Dorji က  “Environment and Social Management for a Responsible and Inclusive Tourism” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Myanmar Centre for Responsible Business  (MCRB) ၏ Senior Associate ဖြစ်သူ ဉီးဝင်းမင်းက “ Opportunities and Challenges for Sustainable Tourism Development in Rakhine State” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန (စစ်တွေ)ရုံးခွဲ တာဝန်ခံညွှန်ကြားရေးမှူး ဉီးရဲအောင်မိုးက ရခိုင်ပြည်နယ်နှင့်သက်ဆိုင်သော ခရီးသွားလုပ်ငန်းကဏ္ဍ အခြေအနေများ၊ ဒေသတွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများနှင့် ပြည်နယ်အတွင်းမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းအား တာဝန်ယူရေးဆွဲသွားမည့် Consultant  ဖြစ်သူ ဒေါ်လင်းလင်းက ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းပင်မ စီမံကိန်းတစ်ခု ပေါ်ထွက်လာရေး အစီအစဉ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့လိုက်ဆွေးနွေးနိုင်ရန်အတွက် ရွေးချယ်ထားရှိသော ခေါင်းစဉ် ၆ ခုဖြစ်သည့် “ Tourism Planning & Product Development”, “Tourism Legal Framework Development”, Tourism Infrastructure Development & Tourism Financial Development”, “Tourism Human Resource Development”, “Social & Environmental Responsibility in Tourism Development”, “Positioning, Branding, Marketing of Rakhine State” ခေါင်းစဉ်အသီးသီးကို သက်ဆိုင်ရာခေါင်းစဉ်အလိုက် သတ်မှတ်ပေးထားသည့် အဖွဲ့လိုက် ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။  

(သတင်းစဉ်)