ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၉ အောက်တိုဘာ

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ ရေးသားနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် အမျိုးသား လွှတ်တော်ရေးရာဆောင် (I-20) ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကော်မတီ၏ အပြီးသတ်အစီရင်ခံစာ ရေးသားနိုင်ရေးအတွက် အချက်အလက်များကို ကြိုတင်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ(၁) ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်တို့ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်