ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးညှိနှိုင်းဆွေးနွေး

နေပြည်တော် ၂၃ ဇန်နဝါရီ

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ နှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA)တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိရာ ထိုပူး ပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး ကြ သည်။

ထို့ပြင် မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသော လူမှုသဟဇာ တဖြစ်ရေး၊ အခြေခံလူ့အခွင့်အရေးများရရှိရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊ မကြာသေးမီက ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)မှတဆင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့မှုများနှင့် အဆိုပါပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရမှတစ်ဆင့် သက်ဆိုင်သူများထံသို့ ဖြန့်ဝေ ပေးနိုင်ရေး ဆောင်ရွက်နေမှုများ၊ ဆက်လက်ပူးပေါင်းကူညီ မည့်ကိစ္စရပ်များကို ဆွေးနွေးကြ သည်။

KOICA အနေဖြင့်လည်း အခြားမဲခေါင်ဒေသ နိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား နိုင်ငံများတွင် မိုင်းအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အကူအညီများ မြောက်မြားစွာ ပေးအပ်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း မိုင်းအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေး၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အဖွဲ့(ICRC) စသည့် နိုင်ငံတကာအဖွဲ့ အစည်းများမှ တစ်ဆင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေမှုများနှင့် ပိုမိုပူးပေါင်းကူညီရန် အစီအစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အထောက် အကူဖြစ်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ AHA Centre နှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ခဲ့သည့် ကနဦး လိုအပ်ချက် ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာကို ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ထိုအစီရင်ခံစာပါ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်  အာဆီယံ- ကိုရီးယား ရန်ပုံငွေမှတဆင့် FM ရေဒီယိုများ ဖြန့်ဝေ ပေးခြင်းဆိုင်ရာ စီမံချက်တစ်ခုကို ငွေကြေးထောက်ပံ့ ပေးမှုအခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်း အမျိုးသမီးနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးမှတဆင့် လူမှုသဟဇာတ မျှတရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် ကိုရီးယား အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ  KOICA တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်