ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မသန်စွမ်းသူ ၄၈၈ ဦး အား ထောက်ပံ့ကြေးငွေများ ပေးအပ်

မောင်တော  ၂၈  စက်တင်ဘာ

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ နိုင်ငံတော်အစိုးရ၏ (COVID-19 Economic Relief  Plan) CERP အစီအစဉ်အရ မသန်စွမ်းသူ ၄၈၈ ဦးအား ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းကို စက်တင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထို့သို့ပေးအပ်ရာတွင်  ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြူလှ၊ လူမှုဝန်ထမ်းဦးစီးဌာန မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်ခင်လှနွယ် နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၄၈၈)ဦး အတွက် ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြပြီး ကျေးရွာများရှိ မသန်စွမ်းသူများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက သွားရောက်ပေး အပ်သွားမည်ဖြစ်ရာ မသန်စွမ်း တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀  နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်များရှိ မသန်စွမ်းသူ(၉၇)ဦး နှင့် ကျေးရွာများရှိ မသန်စွမ်းသူ (၃၉၁)ဦး အတွက် ငွေကျပ် (၁၄၆၄၀၀၀၀)အား ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)

 

mdn