ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရ (ဒုတိယအကြိမ်) ထောက်ပံ့ကြေး ငွေများပေးအပ်

မောင်တော ၂၅ စက်တင်ဘာ

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ပေါ်ရှိ တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သော ပြည်သူများအား COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရ (ဒုတိယအကြိမ်) ထောက်ပံ့ကြေး ငွေများပေးအပ်ခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့က မြေပြင်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဘူးသီးတောင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များက COVID-19 စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan (CERP)အရ မောင်တောခရိုင် ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု(၁၇၁) စု၊ လူဦးရေ (၆၄၉) ဦး၊ လမ်းမ ဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၅၈၀) စု၊ လူဦးရေ (၂၄၉၆) ဦး၊ ဂန္ဓာရီတောရ ပရဟိတ ဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၆၉) စု၊ လူဦးရေ (၃၅၇) ဦး၊ မြတောင်ဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၂၀၅) စု၊ လူဦးရေ (၁၀၅၉) ဦး၊မြောင်းနားတိုက်ပွဲရှောင်စုရပ်မှ အိမ်ထောင်စု(၈၂)စု၊ လူဦးရေ( ၄၂၄)ဦး စုစုပေါင်း စုရပ် (၅)ခုမှ အိမ်ထောင်စု (၁၁ဝ၇) စု၊ လူဦးရေ (၄၉၈၅) ဦး တို့အတွက် အိမ်ထောင်စု (၁)စု လျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၄၄၂၈၀၀၀၀ အား တိုက်ပွဲရှောင် စခန်းများရှိ  ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)

 

mdn