ရေတာရှည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်​အောက် အမျိုးသား  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ  ကျင်းပ

​ရေတာရှည်    ဒီဇင်ဘာ   ၂

 

ပဲခူးတိုင်း​ဒေသကြီး  ​တောင်ငူခရိုင် ​ရေတာရှည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်​အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၁)ရက် ည​နေ (၃)နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက  အမှာစကားပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဦးဥက္ကာသန်းက ပြိုင်ပွဲဝင်အသင်းများအတွက် ပြိုင်ပွဲဝင်​ဘောလုံးများ ကိုလည်း​​​ကောင်း အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်သန်းမြင့်က ဒိုင်များအတွက် အားကစားဝတ်စုံများ ​ကိုလည်း​ကောင်းပေးအပ်ခဲ့သည်။

 

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ ပြိုင်ပွဲဝင်အသင်း၈ သင်းဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဖွင့်ပွဲနေ့ တွင်    မြို့လှ(က)အသင်းနှင့် ဆွာ(က) အသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)