ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော်  ၈ ဧပြီ

 

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။


ဧပြီ ၁၁ ရက်(စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဆင်နွှဲပုံအကြောင်းကို ရေးဖွဲ့ထားသည့် ကာတွန်းအောင်အောင်ထွေး၏ “မင်္ဂလာသင်္ကြန်” မျက်နှာဖုံး ဇာတ်လမ်း၊ ကျန်းမာရေး ဗဟုသုတတိုးပွားပြီး လိုက်နာကျင့်သုံးနိုင်စေရန်အလို့ငှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ပတ်သက်၍ လိုက်နာကျင့်သုံးအပ်သည့် ပညာပေးစာမျက်နှာကို ဗဟုသုတဖြစ်ဖွယ် ကူးယူတင်ဆက်ထားသည့် ပညာပေးကဏ္ဍ၊ ဉာဏ်ကောင်းသော ရှင်းသန့်နှင့် ရွှေချည်ဇာတို့၏ အဖြစ်ကို ဟာသမြောက်အောင် ရေးဖွဲ့ထားသည့် နှစ်မျက်နှာကာတွန်း၊ မိမိတွင် စစ်မှန်သည့် ကိုယ်ပိုင်အရည်အချင်းရှိမှသာ ဘဝတွင် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် ပုံပြင်ကဏ္ဍအပါအဝင် ရွှေသွေး အင်္ဂလိပ်သဒ္ဒါ၊ ဉာဏ်စမ်း၊ ကဗျာ စုံလင်စွာဖြင့် ဖတ်စရာ မှတ်စရာများပါရှိကြောင်း သိရသည်။

သတင်းစဉ်

 

5+