ရေးမြို့နယ် ဝဲရတ်ကျေးရွာ ဝဲရတ်ဘုန်းကြီးကျောင်း  မီးလောင်မှုဖြစ်ပွား

ရေး နိုဝင်ဘာ ၂၈

 

မွန်ပြည်နယ် ရေးမြို့နယ် ဝဲရတ်ကျေးရွာ ဝဲရတ်ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ကျောင်းဆောင်၌ တပ်ဆင်ထားသည့် ဆိုလာပြား အပူလွန်ကဲရာမှတစ်ဆင့် ဝိုင်ယာလျော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားရာနေသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ ခန့်တွင် မီးငြိမ်းခဲ့သည်။

 

မီးလောင်ကျွမ်းမှုကြောင့်  ပေ (၆၀) ပေ (၄၀) ရှိ သွပ်မိုး၊ ပျဉ်ခင်း/ကာ နှစ်ထပ်ဆောင်တစ်လုံး ပျက်စီးဆုံးရှုံးပြီး လူနှင့် တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)