ရေးမြို့၌ မီးလောင်မှုဖြစ်ပွား

ရေး    ၁၅    ဖေဖော်ဝါရီ    

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ပုပ္ပါးလမ်း ထောင့်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ကျိုက်ဖုဘုရာဝင်း ဈေးဆိုင်ခန်းအတွင်း၌ ဖေဖော်ဝါရီ ၁၅ ရက် နေ့နံနက် (၁) နာရီ မိနစ် မိနစ် ၅၀ ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဆိုင်ခန်း(၁၀)ခန်းအနက် ဆိုင်ခန်းအမှတ်(၈)တွင် လေထိုး ကျွတ်ဖာ လုပ်ငန်းလုပ်ကိုင်နေသူ ဦးငွေဝင်းဆိုင်သည် ဆိုင်အတွင်း ခြင်ဆေးခွေ ထွန်းထားရာ မီးငြှိမ်းသတ်ခဲ့ခြင်းမရှိသဖြင့် ခြင်ဆေးခွေမှ တစ်ဆင့် ကားတာရာ ကျွတ်စ ၊အပိုင်းအစများအား မီးကူးစက်လောင်ကျွမ်းမှုကြောင့် ၎င်း၏ ဆိုင်ခန်း(၃)ခန်းနှင့် KENBO အမျိုးအစား ဆိုင်ကယ် အဟောင်း (၁)စီး၊ တာရာဟောင်း(၁၀)လုံး ဆုံးရှုံးခဲ့ကြောင်း သိရပြီး နံနက် ၃ နာရီ မိနစ် ၄၀ ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

‌ေ

 

ဖြစ်စဉ်မှ မီးပေါ့ဆစွာအသုံးပြုသည့် ဦးငွေဝင်းအား ရေးမြို့မရဲစခန်းက အမှုဖွင့်ထားရှိပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)