ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးရှိ သာသနာ ၂၅၀၀ ရေလယ်ဘုရားအား ပြန်လည်မွမ်းမံတည်ဆောက်

ရေး၊ ၂၀ ဇန်နဝါရီ

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၏ ကျက်သရေဆောင် ရှေးဟောင်းကျုံးတော်ကြီးတွင် တည်ထားကိုးကွယ်တော်မူသော သာသနာ ၂၅၀၀ ရေလယ်ဘုရားအား ဂေါပကအဖွဲ့နှင့် အများပြည်သူ အလှူရှင်များ စုပေါင်း၍ ပြန်လည်မွမ်းမံ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

ဘုရားကြီး ပြန်လည်မွမ်းမံ တည်ဆောက်ရာတွင် ဘုရားကြီး၏ ပင်မအောက်ခြေ၊ ဘုရားရင်ပြင်အောက်ခြေနှင့် ဘုရားဖူးတံတားအောက်ခြေတို့ကို ပြန်လည်တည်ဆောက်ခြင်းကို ဦးစားပေး ပြင်ဆင်သွားမည်ဖြစ်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောသည်။

 

ဘုရားဂေါပကအဖွဲ့နှင့် အလှူရှင်များက ရှေးဟောင်းကျုံးတော်ကြီး(အောက်ကျုံး)ကို မွန်ပြည်နယ် အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေးမြို့နယ်ရုံး၏ ပြန်လည်တူးဖော်သောကာလတွင် ဘုရားကြီးရေများ ခန်းခြောက်သဖြင့် ဘုရား၏လိုအပ်သော နေရာများကို ဘုရားဂေါပကအဖွဲ့နှင့် အလှူရှင်များက ပြန်လည်ပြုပြင် တည်ဆောက်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)