ရေလုပ်ငန်းရှင်များ သိရှိစေရန် ကြေညာခြင်း

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ် အားလုံးတွင် E-MTU/ Transponder (VMS ကိရိယာ)များကို တပ်ဆင်ခဲ့ပြီးဖြစ်၍ ကမ်းနီး ငါးဖမ်းကွက် များ LMMA ၊  Co-Management ဧရိယာများ၊ လန်ပိကျွန်းဧရိယာ(MPA)နှင့် တားမြစ်ထားသည့် ငါးဖမ်း ကွက်( F13၊ F14၊ F20၊ F21)များသို့ ဝင်ရောက်ငါးဖမ်းသည့် ရေယာဉ်များအား VMS Control Center များမှ စောင့်ကြည့်ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကာ စည်းကမ်း ဖောက်ဖျက်သည့် ရေယာဉ်များ၏ ပိုင်ရှင်များ၊ ရေယာဉ်မှူးများနှင့် သက်ဆိုင်ရာအေးဂျင့်များအား ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ဆက်သွယ်သတိပေးခြင်း၊ တားမြစ်ဧရိယာများမှ အမြန်ဆုံး ထွက်ခွာစေခြင်း စသည်တို့ကို ပညာပေးကာလအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

 

(၂၁-၄-၂၀၂၀) ရက်နေ့မှ စတင်၍ စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ်စာရင်း အား ငါးလုပ်ငန်းဦးစီးဌာန၏ Website ဖြစ်သည့် www.dof.gov.mm မှတစ်ဆင့် နေ့စဉ်ထုတ်ပြန် သတိပေးကြေညာသွားမည်ဖြစ်ပြီး သက်ဆိုင်ရာရေယာဉ်ပိုင်ရှင်များအနေဖြင့် အဆိုပါ စာရင်းတွင် ပါဝင် သည့် မိမိတို့၏ ရေယာဉ်များအား စည်းကမ်းဖောက်ဖျက်မှုမရှိစေရေး၊  အထူးအလေးထား လိုက်နာ ဆောင်ရွက်သွားကြရန်နှင့် စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ်များအား  ငါးလုပ်ငန်းဦးစီးဌာန၏ ဉပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်အမှတ်-၅/၂၀၁၈ နှင့်အညီ အရေးယူသွားမည်ဖြစ် ကြောင်း ရေလုပ်ငန်းရှင်များ သိရှိစေရန် ကြေညာအပ်ပါသည်။

 

ငါးလုပ်ငန်းဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန