ရေကြည်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ရေကြည် စက်တင်ဘာ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ စက်တင်ဘာ ၁၇ ရက်က မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ကျေးလက်နေ တောင်သူများအား ထုတ်ချေးပေးကြောင်း သိရသည်။

 

အဆိုပါချေးငွေများ ထုတ်ချေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိပြီး ဆပ်ကွင်းကျေးရွာအုပ်စုမှ တောင်သူ (၅၀)၊ သခွပ်ကုန်းကျေးရွာအုပ်စုမှတောင်သူ (၁၉) ဦးနှင့် ဂွေးတောက်ကျေးရွာအုပ်စုမှ တောင်သူ (၂၁) ဦးတို့အတွက် ငွေကျပ် (၈၄၀) သိန်းကို ထုတ်ပေးခဲ့ကြောင်းနှင့် စက်တင်ဘာ ၁၆ ရက်အထိ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၀) မှ တောင်သူ (၂၀၃၅) ဦးအား ချေးငွေစုစုပေါင်း ကျပ် ၂၂၁၇၃ သိန်းကို ထုတ်ချေးပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

 

ထို့ပြင် ချေးငွေထုတ်ချေးရာတွင် ယခင်နှစ်၌ ချေးယူထားသော မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများအား အကျေပေးဆပ်ပြီးသည့်် ကျေးရွာအုပ်စုအလိုက် တောင်သူများကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအတိုးနှုန်းမှာ ကျပ် ၁၀၀ အတွက် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းသာ ဖြစ်ကြောင်း သိရသည်။

 

အောင်သူဟန်(ပြန်/ဆက်)