ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုတွင် အခြေခံမိသားစုများအား ဆန်လှူဒါန်း

ရွှေကျင်              ဩဂုတ်  ၄

 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ် ၄ ရက နံနက်ပိုင်းမှစ၍  လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များ ထောက်ပံ့လှူဒါန်းခဲ့သည်။

 

 လှူဒါန်းရာတွင် ရွှေကျင်မြို့နယ်နေ ဦးလှဝင်း-ဒေါ်ခင်စန်းလွင်(ဝင်းရတနာ ရွှေဆိုင်) မိသားစုက အနောက်ဘက်ကျေးရွာ အုပ်စုအတွင်းရှိ စားသောက်ရေးအခက်အခဲရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု တစ်စုလျှင် ဆန် နှစ်ပြည်နှုန်းဖြင့် ဆန်အိတ် ၃၁ အိတ်အား ထောက်ပံ့လှူဒါန်းပေးရာ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးမင်းလွင်ဦးနှင့် တာဝန်ရှိသူများက အိမ်ထောင်စုအလိုက် ပြန်လည်ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)