ရွှေကျင်မြို့ သဘာဝရေပြင်အတွင်း ငါးသားပေါက် စုပေါင်းစိုက်ထည့်ခြင်းနှင့် ငါးသားပေါက်များပေးအပ်

ရွှေကျင် ၁၇ စက်တင်ဘာလ

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ပျဉ်မပင်ရပ်ကွက် မီးမျှောပွဲတော်ကျင်းပရေး ဗဟိုမဏ္ဍပ်၌ ရွှေကျင်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်စိုက်ထည့်ခြင်းနှင့် အင်းသားကြီးများအား ငါးသားပေါက် ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် ရွှေကျင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသိန်းဦးက တက်ရောက် လာကြသော ဌာနဆိုင်ရာများသို့ ငါးသားပေါက်များပေးအပ်ခဲ့ပြီး ရွှေကျင်ချောင်း သဘာဝရေပြင် အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ (၂)သိန်းခွဲကို စုပေါင်းစိုက်ထည့်ခဲ့ကြသည်။

 

ဆက်လက်ပြီး မြို့နယ်ဦးစီးမှူးဦးသိန်းဦးက ရွှေကျင်မြို့နယ်အတွင်းရှိ ဂရမ်အင်း(၃၀)အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ရန်အတွက် ငါးမြစ်ချင်းအကောင်ရေ(၁)သိန်းနှင့် ငါးခုံးမကြီ ၈၇၁၆၁ ကောင်ကို အင်းသားကြီးများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)