ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်စာရင်းဝင် Parasite

၁၁ ဒီဇင်ဘာ

တောင်ကိုရီးယားရဲ့ အောင်မြင်တဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့ Parasite ဟာ ယခုနှစ် အတွက် ရွှေကမ္ဘာလုံးအနုပညာထူးချွန်ဆုပေးပွဲကြီးရဲ့ ဆန်ခါတင်စာရင်းမှာ ဆုနေရာသုံးနေရာမှာ ပါဝင်နေခဲ့ကြောင်း အားကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသား ဖော်ပြချက်တွေအရ သိရပါတယ်။ ။

အဆိုပါရုပ်ရှင်ဟာ ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့တဲ့ (၇၇) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ ဆန်ခါတင်ဆုရသူများစာရင်းမှာ အကောင်းဆုံး ဒါရိုက်တာ ဆု၊ အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆုတို့အတွက် ဆုနေရာ သုံးခုမှာ ပါဝင်နေတာဖြစ်ပါတယ်။ ။

Parasite ကို ဒါရိုက်တာ ဘွန်ဂျွန်ဟိုက ရိုက်ကူးထားတာဖြစ်ပြီး ဟန်ဂျင်ဝန် က ဇာတ်ညွှန်းရေးသားထားတာပါ။ သူတို့နှစ်ဦးစလုံးဟာ ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ကြပြီး ဒီလိုဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့အပေါ် ဒါရိုက်တာ ဘွန်ဂျွန်ဟိုက မယုံကြည်နိုင်ဖြစ်နေမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ တယ်လို့လည်း သိရပါတယ်။

အေးပြည့်