ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်နိုင်

တွံတေး    ဇန်နဝါရီ    ၂၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာ ဓာတုရွှေဆံတော်စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ထားရာမှ မြို့နယ်သံဃနာယက ဆရာတော်ကြီး၏ ဩဝါဒကို ခံယူ၍ မေလဆန်းမှ စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ စေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အမြင့်ဆုံးဖြစ်ကာ ဉာဏ်တော်အမြင့် ပေ ၂၅၀၊ ပင်လယ်ရေပြင်အထက် အမြင့် ၈၆ ဒသမ ၃၅၆ ပေ၊ စေတီတော်ရင်ပြင် အကျယ် ၄ ဒသမ ၄၇ ဧကရှိပြီး နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားသည်။

တွံတေးသား