ရေဘေးသင့်၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၅)အိမ် အတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သရက်ချောင်း ၂၁ စက်တင်ဘာ   

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာ၌ ရေဘေးသင့်၍ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်(၅)လုံးမှ မိသားစုဝင်များအား ထောက်ပံ့ငွေများနှင့်ပစ္စည်း များကို ယနေ့နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် အိမ်ဆောက်ပစ္စည်းတန်ဖိုး အတွက် တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀၀  နှုန်းဖြင့် ငွေကျပ် ၂၅၀၀၀၀  နှင့် လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက် စာငွေကျပ် ၄၄၁၀၀   စုစုပေါင်း ငွေကျပ် ၂၉၄၁၀၀  ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ လည်းကောင်း၊ တစ်အိမ်လျှင် Family Kit (၁)စုံနှုန်းဖြင့် အိမ်ထောင်စု(၅)စုအတွက် (၅)စုံကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ခံ ဦးမြတ်ကိုကို ကလည်းကောင်း ပေးအပ်ခဲ့ရာ အိမ်ပိုင်ရှင်များက လက်ခံရယူခဲ့ကြသည်။

နိုင်ဝင်း(ပြန်/ဆက်)