ရာသီဥတုဆိုင်ရာ တိုက်ပွဲတစ်ခုဖြစ်လာနိုင်တဲ့ ၂၀၂၀ ပြည့်နှစ်

mdn

ထွန်းသစ်စ - ရေးသားသည်

 

ဆွီဒင်ဆယ်ကျော်သက် ဂရီတာသွန်းဘတ် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အပေါ် တက်ကြွစွာ ဆန္ဒပြခဲ့သလို ရုပ်ကြွင်းလောင်စာသုံးစွဲမှုတွေကို ချက်ချင်း မရပ်တန့်ဘူးဆိုရင် ကမ္ဘာကြီးဟာ ရာသီဥတုဘေးအန္တရာယ်ကို ခံစားရမယ်လို့ နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အကဲဖြတ်မှတ်တမ်းမှာ ကုလသမဂ္ဂက ပြောခဲ့တာ ရှိပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အမျိုးမျိုးသောဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို မလျှော့ချဘူးဆိုရင် ကမ္ဘာကြီးဟာ အနှေးနဲ့အမြန် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ရတော့မယ့် အနေအထားပါ။ ဒါဟာ ဒီနေ့ကမ္ဘာကြီးကို အမှီသဟဲပြု နေထိုင်သူတွေအတွက် ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းသလို သတိပြုဖွယ်ရာအခြေအနေလည်း ဖြစ်ပါတယ်။

 

စံချိန်တင်ရောက်ရှိခဲ့

 

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်က ကမ္ဘာလုံး ဆိုင်ရာ ဆော်ငွေ့ထုတ်လွှတ်မှုတွေကို တစ်နှစ်ချင်းစီ အလိုက် ၇ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချရမယ်လို့ ဆိုပါ တယ်။ ရုံနဲ့တင်မပြီးဘဲ အဲဒီနှုန်းအတိုင်း ၂၀၃၀ အထိ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်လို့ အဲဒီအဖွဲ့က ပြော ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ဆဲလ်စီးရပ်စ်ပမာဏ မြင့်တက်လာမှုကို ကန့်သတ် နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီလိုမှ မဟုတ်ပါက ကမ္ဘာကြီးဟာ တစ်နေ့တခြား ပိုယူလာမှာပဲ ဖြစ်ပါတယ်။

 

တကယ့်လက်တွေ့မှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကစပြီး ကမ္ဘာလုံးဆိုင်ရာတ်ငွေ့ထုတ်လွှတ်မှုတွေဟာ နှစ်စဉ်နှစ်တိုင်း ၁ ဒသမ ၅ရာခိုင်နှုန်းထက် ပိုခဲ့ပါတယ်။ အကျိုးဆက်အားဖြင့် ၂၀၁၀ ခုနှစ်မှာ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ သို့မဟုတ် ယင်းနဲ့တူတဲ့ ဖန်လုံ အိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေဟာ ၅၅ ဒသမ ၃ ဘီလီယံဘန်ထိ စံချိန်တင် ရောက်ရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံက ရရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘော တူညီချက်ကို လက်မှတ်ရေးထိုးပြီး သုံးနှစ်အကြာမှာ အဲဒီလိုစံချိန်တင်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ မိုးလေသဖွဲ့ ကလေထုအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ပါဝင်မှုသည် ၂၀၁၈ ခုနှစ်တွင် စံချိန် တင်မှတ်တမ်းတင်နိုင်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်က ပြောခဲ့ပါတယ်။

 

လူ့အသိုင်းအဝိုင်းဘေးအန္တရာယ်ဖြစ်စေမယ်

 

ပါရီသဘောတူညီချက်ဟာ အပူချိန်မြင့်တက်နေမှု တွေကို စက်မတိုင်မီ အဆင့်ဖြစ်တဲ့ ၂ ဒီဂရီ စင်တီဂရိတ် ဒီထက်ပိုပြီး အန္တရာယ်ကင်တဲ့အဆင့်ဖြစ်တဲ့ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အဆင့်အထိချဖို့ နိုင်ငံတွေကို ကတိပေးထားပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် နိုင်ငံတွေ အနေနဲ့ ဆယ်စုနှစ်အတွင်း ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ လျှော့ချဖို့လိုအပ်ပြီး ကာဗွန်ကင်းစင်တဲ့ သို့မဟုတ်လျော့နည်းသွားတဲ့ ကမ္ဘာကြီးဆီကို ချီတက်ဖို့ အတူတကွ ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။

 

အပူချိန်မြင့်တက်နေမှုတွေကို ၁ ဒသမ ၅ အဆင့် အထိ လျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်ဟာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း လောင်စာဆီနဲ့ ဓာတ်ငွေ့သုံးစွဲမှု မြင့်တက်လာတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေမှာ အခု ကိစ္စဟာ ကြုံတောင့်ကြုံခဲကိစ္စတစ်ခုလို့ ရှုမြင်မိပါတယ်။ ကမ္ဘာ့နိုင်ငံတွေဟာ ပါရီသဘောတူညီချက်မှာ ပေးခဲ့တဲ့ ကတိတွေအတိုင်း ကောင်းစွာ စောင့်ထိန်းအကောင် အထည်ဖော်မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ အပူချိန် အဆင့်အောက်မှာပဲ ဆက်လက်ရှိနေမယ့်သဘောကို လည်း တွေ့ရပါတယ်။

 

လက်ရှိ ပါရီသဘောတူညီချက်ကိုသာ အကောင်သည် မဖော်နိုင်သေးဘူးဆိုရင် ကမ္ဘာကြီးဟာ အပူချိန် ၃ဒသမ၂ ဒီရီစင်တီဂရိတ်မြင့်တက်လာမယ့်အခြေအနေ ဖြစ်ပါတယ်။ အဲဒီအခြေအနေဟာ သိပ္ပံပညာရှင်တွေ ခန့်မှန်းပုံအရဆိုရင် လူ့အသိုင်းအဝိုင်းကြီးကို ဘေး အန္တရာယ်ဖြစ်စေမယ့် အနေအထား ဖြစ်ပါတယ်။

 

 

ပါရီရာသီဥတုသဘောတူညီချက်ကို လိုက်နာသင့်

 

မိမိတို့အနေနဲ့ ကမ္ဘာ့ရာသီဥတုဘေးအန္တရာယ်အပေါ် နဲ့ကမ္ဘတ်ငွေ့ထုတ်လွှတ်မှုအပေါ်သတ်မှတ်ထားတဲ့ ပမာဏအထိ သိသိသာသာလျှော့ချမယ့် အရေးယူ ဆောင်ရွက်မှုတွေ ချက်ချင်မလုပ်ဘူးဆိုရင်တော့ မိမိတို့ ရည်မှန်းထားတဲ့ အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် အောက်သွေ့ပြီဆိုတဲ့ရည်မှန်းချက်နဲ့ လှမ်းသွား မှာပဲဖြစ်ပါတယ်လို့ ကုလသမာ့ပတ်ဝန်းကျင်အစီအစဉ်ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး အန်ဒါဆန်က ပြောပါတယ်။ ၁၀ နှစ်မြောက်သို့ ဝင်ရောက်လာပြီဖြစ်တဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုကွာဟချက် အစီရင်ခံစာမှာတော့ အစိုးရရဲ့ အရေးယူဆောင်ရွက်မှုပျက်ကွက်ခြင်းတွေကို ဖော်ပြထား ပါတယ်။ သိသာတဲ့ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက် မှုတွေကို တဝပြည့်နှစ်လောက်မှာ စတင်ခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ နှစ်စဉ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို လျှော့ချဖို့ အငြင်းပွားနေတဲ့ ကိုပင်ဟေဂင်အစည်းအဝေး ပြီးသွားတဲ့ အချိန်ပဲဖြစ်ပါတယ်။

 

နိုင်ငံများအကြား အကြံပြုဆွေးနွေးမှုများမှာလည်းလျက်ရှိရာ အဓိကလုပ်ဆောင်ရမယ့်ဟာကတော့ ရှင်းပါတယ်။ အဲဒါကတော့ ကျောက်မီးသွေးအသုံးပြုမှု လုံးဝရပ်သိမ်းရေး၊ လောင်စာဆီနှင့် ဓာတ်ငွေ့အသုံးပြုမှု လျှော့ချရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်ကို အံ့ဩဖွယ်ဖြစ်အောင် အမြန်တည်ဆောက်ရေး စတဲ့ကိစ္စတွေကို လုပ်ဆောင် သွားရမှာပဲ ဖြစ်ပါတယ်။

 

ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို မလုပ်ဘဲ နှောင့်နှေးကြန့်ကြာနေတဲ့ ၁၀ နှစ်ဆိုတဲ့အချိန်ဟာ ယနေ့ကျွန်တော်တို့ ရာသီဥတုဆိုင်ရာဘေးဒုက္ခတွေ ကိုရင်ဆိုင်နေရတဲ့အခြေအနေတွေဆီကို တွန်းပို့နေတယ်လို့ အန်ဒါဆန်က ပြောပါတယ်။ ဓာတ်ငွေ့ထုတ်လွှတ်မှု တွေကို အကြီးစားလုပ်နေတဲ့စက်ရုံလုပ်ငန်းရှင်ကြီးတွေ အနေနဲ့လည်း ပါရီရာသီဥတုဆိုင်ရသဘောတူညီချက် အတိုင်းသာ လုပ်ဆောင်သင့်တယ်လို့ အဲဒီဓာတ်ငွေ့ ထုတ်လွှတ်မှု ကွာဟချက် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

 

ကမ္ဘာတစ်ဝန်းကူးစက်ပျံ့နှံ့ခဲ့

 

စက်မှုထိပ်သီးနိုင်ငံ ၂၀ အနေနဲ့ ဆတ်ငွေ့ထုတ်လွှတ် မှုတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ထုတ်လုပ်ကြသော်လည်း 'အရေးမှာ ဖင့်လေးနေတဲ့သဘောကို တွေ့ရပါတယ်။ စက်မှုထိပ်သီးနိုင်ငံအနက် ၁၅ နိုင်ငံလောက်သာ ပိုလည်း မပို၊ လိုလည်းမလိုဘဲ ပကတိအခြေအနေအတိုင်းရေစက် အော ကြိုးစားနေကြပါတယ်။

 

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်မှာ သူတို့ရဲ့ဆောင်ရွက်မှုတွေကိုတိုးမြှင့်ဖို့လိုလာပြီဖြစ်ပါတယ်။ နှစ်တိုးပြောင်းလဲမှုလေး လုပ်ဆောင်နေရုံနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘဲ ၁ဝ နှစ်အတွင်းမှာလူ့ဘောင်အဖွဲ့အစည်း ကြီးတစ်ခုလုံးပြောင်းလဲလုပ်ဆောင်ဖို့လိုလာပြီ ဖြစ်တယ် လို့ရာသီဥတုဆိုင်ရာ ဦးဆောင်စာရေးဆရဥတစ်ဦးဖြစ်တဲ့ ဂျွန်ခရစ်စတင်ဆန်က ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်ဟာ ရာသီဥတုဆိုင်ရာ တိုက်ပွဲဖြစ်ပွားမယ့် သမိုင်းဆိုင်ရာ ပြောင်းလဲမှုနှစ်တစ်နှစ်ဖြစ်လာလိမ့်မယ်လို့ သီဥတု ဆိုင်ရာ ဥရောပကွန်ရက် ညွှန်ကြားရေးမှူး ဝမ်ဒယ် ထရိုင်ယိုက ပြောပါတယ်။

 

လူသန်းပေါင်းများစွာတို့ ရာသီဥတုဆိုင်ရာလမ်းပေါ် ထွက်ဆန္ဒပြမှုတွေပြုလုပ်မှသာလျှင် နိုင်ငံရေးသမားတွေ အနေနဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ ပြောဆို ချက်အတိုင်းလိုက်ပါလုပ်ဆောင်စေလာမယ် ဖြစ်တယ်လို့ ထရိုင်ယိုက ဆက်လက်ပြောပါတယ်။ ဒီအဆိုကိုဂရီတာ သွန်းဘတ်က သက်သေပြသနေသလိုပါပဲ။ အခုဆိုရင် ရာသီဥတုနဲ့ ဆိုင်တဲ့ ဆန္ဒပြမှုတွေဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့ခဲ့ပါပြီ။

 

လွန်ခဲ့တဲ့နှစ်က ရာသီဥတုဆိုင်ရာ အစိုးရချင်း ဆွေးနွေးပွဲတစ်ပွဲမှာ အပူချိန် ၁ ဒသမ၅ ဒီဂရီစင်တီဂရိတ် ကျော်လာမယ်ဆိုရင် အပူလှိုင်းတွေ၊ အလွန်ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ အလွန်ကြောက်စရာကောင်းတဲ့ ရေကြီးမှု တွေဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။ အပူချိန် သတ်မှတ် ချက်ကို ကျော်လွန်လာမယ်ဆိုရင် ၂၀၁၉ နှစ်ဟာ လူ့ သမိုင်းမှာ အပူဆုံးအချိန် ထပ်ဖြစ်လာဦးမယ်လို့ သိပ္ပံ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ။

 

ကိုကား-အေအက်ဖ်ပီ