ရွာသစ်မြို့တွင် သံလွင်မြစ်ရေ မြှင်တက်ခဲ့မှုကြောင့် သီးနှံထိခိုက်ပျက်စီးမှုအတွက် တောင်သူများထံ လက်၀ယ်အရောက်  ထောက်ပံ့ငွေပေးအပ်

ရွာသစ် ၂၈ စက်တင်ဘာ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဩဂုတ် ၂၂ ရက်က သံလွင်မြစ်ရေ မြင့်တက်ခဲ့မှုကြောင့် သံလွင်မြစ်ကမ်းအနီးရှိ တောင်ယာလုပ်ကိုင်သူများ၏ သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါ တောင်သူများ၏ သီးနှံစိုက်ခင်း ပျက်စီးမှုများအတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်မှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ လက်၀ယ်အရောက်  ပေးအပ်ခဲ့သည်။

 

ထိုသို့ ပေးအပ်ရာတွင် ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးများမှ သီးနှံထိခိုက်ပျက်စီးမှု တောင်သူများအား တောင်ပိုင်းရပ်ကွက် တောင်သူ(၁၅)ဦး၏ ဧက(၂၀)၊ ၀မ်လွဲ့ကျေးရွာအုပ်စု တောင်သူ (၁၄)ဦး (၁၂.၉၀)ဧက၊ လွယ်ဝိုင်းကျေးရွာအုပ်စု တောင်သူ(၂၈)ဦး (၅၉.၉) ဧက၊ ဟွေအောကျေးရွာအုပ်စု တောင်သူ(၄၂)ဦး၏ ဧက(၅၂.၆၀) အား တစ်ဧကလျှင် (၄၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅၈၁၆၀၀၀ အား တောင်သူများထံ လက်၀ယ်အရောက် ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နန်းဆွေဆွေအေး (ပြန်/ဆက်)

 

mdn