ရာဇဝတ်အထူးအယူခံမှု (၅)မှုကို စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု (၆)မှုကို ရုံးထိုင်ကြားနာ 

နေပြည်တော်၊ ၁၄ ဇွန် 

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု (၅)မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု (၆)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)