ပုသိမ်စက်မှုဇုန်အတွင်းရှိ စက်ရုံ(၂)ရုံ မှ အလုပ်သမား (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် အထည်ချုပ်စက်ရုံ (၁၂) ရုံအား အောက်တိုဘာ ၇ ရက် အထိယာယီပိတ်သိမ်းသွားမည်

ပုသိမ်  ၂၄   စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုဇုန်အတွင်းရှိ စက်ရုံ(၂)ရုံ မှ အလုပ်သမား (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့်  တိုင်းဒေသကြီးအတွင်းရှိအထည်ချုပ်စက်ရုံ (၁၂) ရုံအား  စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အည ယာယီပိတ်သိမ်းသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ စက်တင်ဘာ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

 

တိုင်းဒေသကြီးအတွင်းစက်ရုံ (၁၂) ရုံတွင် မူလအလုပ်သမားအင်အား (၁၃၀၄၁) ဦးရှိပြီး စက်တင်ဘာလ ၂၁ ရက် စိစစ်ချက်အရ အလုပ်သမား (၆၇၉၅) ဦးသာ လုပ်ငန်းခွင် ဝင်ရောက်လျက်ရှိသည်။ စက်ရုံအလုပ်သမားများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်း ညွှန်ချက်နှင့်အညီ Home Stay နေထိုင်၍ အသွားအလာကန့်သတ်ထားရှိခြင်းအား ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ အလေးထားလိုက်နာဆောင်ရွက်သွားကြရန် အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)