ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ပထမအကြိမ်ထောက်ပံ့ငွေများ ပေးအပ်ရာမှာ  မပါဝင်ခဲ့သောအိမ်ထောင်စုများအား ပြန်လည်ဖြည့်စွက်ပေးအပ်

မြဝတီ စက်တင်ဘာ ၂၄

 

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ရာမှာ မပါဝင်ခဲ့သော အိမ်ထောင်စုများအား ပြန်လည်ဖြည့်စွက်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က အဖွင့်မှာစကား ပြောကြားပြီး  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ထောက်ပံ့ငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများထံ လက်ဝယ်အရောက် အမြန်ထုတ်ပေးသွားရန်၊ ထောက်ပံ့ငွေများကို ထုတ်ပေးရာတွင်  ကျန်မားရေးနှင့်အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်များနှင့် အညီ လူစုလူဝေး မဖြစ်စေရေးအတွက် စနစ်တကျထုတ်ပေးသွားရန် စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

 

မြဝတီမြို့နယ်အတွင်း ယခင်ပထမအကြိမ်အနေဖြင့် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ငွေကြေး ထောက်ပံ့ပေးအပ်ရာမှ မပါဝင်ခဲ့သော အခြေခံ လူတန်းစားအိမ်ထောင် စု ၁၉၂၅၅ စု  အတွက်  တစ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ငွေကျပ် ၃၈၅၁ဝဝ၀ဝ၀ ကို  ပြန်လည်ဖြည့်စွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

မန်းသန်းရွှေမြင့်