ပုလောမြို့နယ် ပြည်သူ့ဆေးရုံအတွက် ECG နှင့် LED Phototherapy စက်များ လှူဒါန်း

ပုလော  ၁၆   အောက်တိုဘာ   

 

ပုလောမြို့နယ် ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသော  ECG (၁)လုံးနှင့် LED Phototherapy စက်(၂)လုံးကို အောက်တိုဘာလ ၁၅ ရက် နံနက် ၁၀ နာရီက အလှူရှင်မိသားစုက လာရောက် လှုူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ တန်ဖိုးငွေ (၅၈)သိန်းရှိ   ECG စက်(၁) လုံး နှင့် LED Phototherapy စက်(၂)လုံးကို ရန်ကုန်မြို့၊ကြည်မြင်တိုင်မြို့နယ်၊ပန်းလှိုင်အိမ်ယာနေ  ကိုအောင်ကျော်၊ မသန်းသန်းဌေး(သား) မောင်ထင်အောင်ကျော်တို့က ပုလောမြို့နယ် ပြည်သူ့ဆေးရုံအတွက် လာရောက်လှူဒါန်းခဲ့ရာ မြို့နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ ပြုံးချို ကလက်ခံ ခဲ့ကြောင်း သိရသည်။

 

ပုလောမြို့နယ် ပြည်သူ့ဆေးရုံတွင် ယခင်က ကလေးများကို လိုအပ်သည့် ဓာတ် ရောင်ခြည်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက် မှုပေးရာတွင် LED Phototherapy စက် မလုံလောက်သည့်အတွက် အခက်အခဲများရှိကြောင်း၊ ယခုလို အမှန်တကယ် လိုအပ် လျက်ရှိသော ECG (၁)လုံးနှင့် LED Phototherapy စက်(၂)လုံးကို လှူဒါန်းပံ့ပိုး ပေးသည့် အတွက် ကျန်းမားရေး စောင့်ရှောက်မှုကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် အလှူရှင် မိသားစုအား များစွာကျေးဇူးတင် ရှိကြောင်းကို မြို့နယ် ကျန်းမာရေး နှင့် ကုသရေး ဦးစီးမှူး က ပြောကြားခဲ့သည်။

 

မြို့နယ် ပြန်/ဆက်