ပုဇွန်တောင်မြို့နယ် အ.လ.က.(၃)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Quarantine Centre စတင်ဖွင့်လှစ်

ပုဇွန်တောင် ၂၁ စက်တင်ဘာ

 

ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သော(မိသားစု) Primary Contact များကို သီးခြားနေထိုင် စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်ရန်အတွက် ပုဇွန်တောင်မြို့နယ် အ.လ.က(၃)ကျောင်းတွင် Quarantine Centre ကို ယနေ့ ညနေ ၃ နာရီတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ Quarantine Centre ဝင်ရောက်နေသူများအား နံနက်/နေ့လယ်/ညအတွက် အစားအသောက်နှင့် နေထိုင်နိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။

 

အဆိုပါ Quarantine Centre သို့ မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအသီးသီးမှ ကားများဖြင့် ကူညီပေးလျက်ရှိပြီး Centre သို့ လှူဒါန်းလိုပါက ဦးစိုးထက် (ဒုမြို့နယ်အုပ်ချုပ်ရေးမှူး) ဖုန်း ၀၉-၂၆၁၅၆၀၇၄၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

နေခြည်(ပြန်/ဆက်)