ပုဂံညောင်ဦးရှိ မြင်းလှည်းလုပ်ငန်းလုပ်ကိုင်သူများနှင့် အနှေးယာဉ်(ဆိုက်ကား)လုပ်ငန်း လုပ်ကိုင်သူများအား ဆန်များလှူဒါန်း

mdn

ညောင်ဦး    စက်တင်ဘာ        ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကိုဗစ် - ၁၉ ကာလ ခရီးသွား ဧည့်သည် ဝင်ရောက်မှုနည်းပါးသည့်အတွက် ခရီးသွားဧည့်သည်များအား မှီခိုအားထားပြု၍ မိသားစုဝင်ငွေ ရရှိအောင် လုပ်ကိုင်နေကြသော မြင်းလှည်းလုပ်ငန်းလုပ်ကိုင်ကြသူများနှင့် အနှေးယာဉ်(ဆိုက်ကား) လုပ်ငန်း လုပ်ကိုင်သူများ စားဝတ်နေရေး အခက်အခဲမဖြစ်စေရေးအတွက်  စက်တင်ဘာ ၁၈ ရက်က ပုဂံမြန်မာ ကုမ္ပဏီလီတက်မှ ဆန်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် အလှူရှင်မိသားစုက ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ မြင်းလှည်းလုပ်ငန်း လုပ်ကိုင်ကြသော အိမ်ထောင်စု ၂၉၃ စုနှင့် အနှေးယာဉ်(ဆိုက်ကား)လုပ်ငန်း လုပ်ကိုင်သော အိမ်ထောင်စု ခြောက်စုတို့အား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ခြောက်ပြည်စီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရပြီး အဆိုပါ ဆန်များပေးဝေလှူဒါန်းရာတွင် Royal Bagan Foundation မှ အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)