ပုဂံ-ညောင်ဦး လေဆိပ်သို့ ဝင်ရောက်လာသည့် ပြည်တွင်းပြည်ပခရီးသွားများအား Thermo Screen စက်ဖြင့် COVID ၁၉ ရောဂါကာကွယ်ရေးစောင့်ကြည့်စစ်ဆေးလျက်ရှိ

ညောင်ဦး  ၂၀  ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးလေဆိပ်သို့ဝင်ရောက်လာသည့် ပြည်ပ -ပြည်တွင်း ခရီးသွားများအား ညောင်ဦးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာရွှေစင်ထိုက်နှင့် လက်ထောက်ကျန်းမာရေးမှူး ဦးသန်းလင်းအောင်တို့ဦး ဆောင်ကာ ပုဂံ-ညောင်ဦး လေဆိပ်သို့ ရောက်ရှိလာသည့် ပြည်တွင်း ပြည်ပခရီးသည်များအား fever serveillance လုပ်ဆောင်နေမှုများ ဖေဖော်ဝါရီ ၂၀ ရက်နေ့နံနက်ပိုင်းတွင် သွားရောက်ကြီးကြပ် စစ်ဆေးခဲ့ကြောင်း သိရသည်။

 

20

 

ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေစင်ထိုက်နှင့် လက်ထောက် ကျန်းမာရေးမှူး ဦးသန်းလင်းအောင်တို့သည် ပုဂံ-ညောင်ဦး လေဆိပ်သို့ ဝင်ရောက်လာသည့်ပြည်တွင်းပြည်ပခရီးသွား များအား COVID -19 ရောဂါကာကွယ်ရေးအတွက် Thermo screen စက်ကြီးဖြင့်အခြေခံကျန်းမာ ရေးဝန်ထမ်းများက အလှည့်ကျ fever surveillance ဆောင်ရွက်နေမှုများအားအနီးကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ ပုဂံ-ညောင်ဦးလေဆိပ်သို့ တစ်ရက်လျှင် ပြည်တွင်းပြည်ပခ ရီးသွား (၄၀ဝ)ဦးမှ (၆၀ဝ)ဦးထိ ဝင်ရောက်လျက်ရှိပြီး လေဆိပ်မှဝင်ရောက်လာသည့် ခရီးသွားများ အား Thermo screen စက်ဖြင့်အခြေခံကျန်းမာရေးဝန်ထမ်းများမှ အလှည့်ကျတာဝန်ထမ်းဆောင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

41