ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပုဂ္ဂလိက ချည်မျှင်စက်ရုံများမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၅ ဇူလိုင်


ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ပုဂ္ဂလိက ချည်မျှင်စက်ရုံများမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များအား ယနေ့နံနက် ၁၁ နာရီတွင် ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။


တွေ့ဆုံစဉ် ပုဂ္ဂလိက ချည်မျှင်စက်ရုံများမှ ကုန်ကြမ်း၊ ကုန်ချောပစ္စည်းများ ဝယ်ယူရောင်းချရေးကိစ္စရပ်များတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ ဘဏ်ချေးငွေရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိက ချည်မျှင်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဝင်အသင်းအဖွဲ့ ဖွဲ့စည်း၍ နည်းပညာနှင့် အတွေ့အကြုံဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ ဝါစိုက်တောင်သူများနှင့် လုပ်ငန်းရှင်အသင်း အဖွဲ့များပါဝင်သော Textile Development Forum ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်တွင်း ထုတ်ကုန်ပြပွဲများ ကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်