PUBG MOBILE Pro League SEA Final Season 2 အွန်လိုင်း ဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအသင်း ၀င်‌ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ၂၀ အောက်တိုဘာ

 

အရှေ့တောင်အာရှဒေသအတွင်းတွင် PUBG MOBILE ၏ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် PMPL (PUBG MOBILE Pro League) SEA Finals Season 2 ပြိုင်ပွဲကြီးသို့  မြန်မာနိုင်ငံ ကိုယ်စားပြု Yangon Galacticos အသင်း၀င်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲကို အောက်တိုဘာ၂၃ ရက်မှ၂၅ ရက်အထိ  အွန်လိုင်းမှ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် PUBG MOBILE Myanmar Championship 2020 Season 2 ၏ ထိပ်ဆုံး လေးနေရာတွင် ရပ်တည်ခဲ့သော အသင်းများဖြစ်သည့် OriginalGamers, Xcripted IO, Yangon Galacticos နှင့် Team Xcripted တို့သည် PMCO SEA Wildcard Finals အဆင့်တွင် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားမှ လက်ရည်စစ်ပွဲ အောင်မြင်လာသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့သည် PMCO SEA Wildcard Finals အဆင့်အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ခဲ့ကြသည်။ 

 

PMCO SEA Wildcards အဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ ထိပ်သီးအသင်း လေးသင်းထဲတွင် ပါဝင်ခဲ့သည့် Yangon Galacticos အဖွဲ့မှ ဒုတိယနေရာကို ရရှိခဲ့ပြီး ဖိလစ်ပိုင်းအသင်း နှစ်သင်းဖြစ်သည့် Iconic PH နှင့် All-Star Team Puyat တို့နှင့်အတူ PMPL (PUBG MOBILE Pro League) SEA Finals အဆင့်ကို ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ PMPL SEA Finals 2020 တွင် အရှေ့တောင်အာရှမှ အကောင်းဆုံးအသင်းများ၊ ကမ္ဘာ့ချန်ပီယံဟောင်း အသင်းများနှင့်အတူ ယှဉ်ပြိုင်ကစားသွားရတော့မည်ဖြစ်ပြီး Yangon Galacticos အသင်းသည် မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ 

 

အဆိုပါ ယှဉ်ပြိုင်မှုများကို PUBG MOBILE (MM) Facebook Page http://www.fb.com/PUBGMOBILE.MM.OFFICIAL မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိသည့် ဆုကြေးငွေများလည်း ပေးအပ်ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

 

PUBG MOBILE သည် မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာ အဆင့်မီ Esports Ecosystem တစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရန်နှင့် မြန်မာလူငယ် Esports ကစားသမားများအား နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်တွင်း ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်တွင်လည်း PUBG MOBILE Myanmar Championship 2020 ပြိုင်ပွဲကြီးကို ကျင်းပခဲ့သည်။

 

အာကာစိုး