ပုဗ္ဗသီရိမြို့အနီး ၃ ဒသမ ၅ အဆင့်ရှိမြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ၂၀ အောက်တိုဘာ

ယနေ့ မွန်းလွဲ ၂ နာရီ ၄၁ မိနစ်ခန့်တွင် နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် (၉)မိုင် ခန့် ပုဗ္ဗသီရိမြို့၏ အနောက်-အနောက်မြောက်ဘက် (၅)မိုင် ခန့်အကွာတွင် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် (၁၉.၉၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၂)ဒီဂရီ၊ အနက် (၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း တိုင်းထွာရရှိသည်။

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန