ပထမဦးဆုံးပြန်လည်ကစားခဲ့တဲ့ အီတလီဘောလုံးပွဲစဉ်ကို ကြည့်ရှုသူပေါင်း ၈ သန်းကျော်ရှိကြောင်း သိရ

၁၃ ဇွန်

 

အီတလီဖလားပွဲစဉ်တွေ ပြန်လည်စတင်ခဲ့တဲ့ မနေ့ကပွဲမှာ ရုပ်မြင်သံကြားကနေ ကြည့်ရှုသူပေါင်း ၈ သန်းကျော်ရှိကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရန်အတွက် မတ်လ ၉ ရက်နေ့က ရပ်နားခဲ့တဲ့ အီတလီဖလားပွဲစဉ် အစပွဲအဖြစ် ဂျူဗင်တပ်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ ဆီးမီးဖိုင်နယ် ဒုတိယပွဲစဉ်ကို နိုင်ငံအတွင်းမှာ ရုပ်မြင်သံကြားကနေ ဘောလုံးပွဲစဉ်ကြည့်သူပေါင်း (၈.၃) သန်းရှိကြောင်း သိရပါတယ်။

 

ဂိုးမရှိသရေပွဲအဖြစ် ပြီးဆုံးခဲ့တဲ့ ပွဲစဉ်ကနေ ဂျူဗင်တပ်အသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးကြောင့် အသွားအလာကန့်သတ်မှုတွေ မလုပ်ခင်က ဆီးမီးဖိုင်နယ် ပထမပွဲစဉ်ကို နိုင်ငံတွင်းမှာ ကြည့်ရှုသူပေါင်း ၈.၉ သန်း ရှိခဲ့ပါတယ်။

 

MDN

ကိုးကား - AFP