ပထမဆုံး အသွားအလာ ပိတ်ဆို့တဲ့ ဉရောပနိုင်ငံ - အိုင်ယာလန်

၂၀ အောက်တိုဘာ

 

 

အိုင်ယာလန်နိုင်ငံဟာ ဉရောပနိုင်ငံတွေထဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု များတဲ့အတွက် အသွားအလာ ကန့်သတ်မှု lockdown ပြဋ္ဌာန်းတဲ့ လိုက်ကြောင်း ဝန်ကြီးချုပ် မိုက်ကယ် မာတင်က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။ အသွားလာ ကန့်သတ်မှုအောက်မှာ ကျောင်းတွေ ဆက်လက်ဖွင့်ထားမှာ ဖြစ်ပေမယ့် အိမ်မှာပဲ နေရန် အမိန့်ထုတ်ပြန်ထားပါတယ်။

 

 

အသွားအလာ ကန့်သတ်မှု lockdown ကို သီတင်း ၆ ပတ်ကြာမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ယံမှာ စတင်မှာဖြစ်ပါတယ်။ အရေးမကြီးတဲ့ ပစ္စည်းရောင်းတဲ့ ဆိုင်တွေ၊ ဘားတွေပိတ်ထားရမှာဖြစ်ပြီး စားသောက်ဆိုင်တွေမှာ ပါဆယ်ရောင်းခွင့်တော့ အကန့်အသတ်နဲ့ ရောင်းချခွင့်ပြုထားပါတယ်။

 

 

ဝန်ကြီးချုပ်က နိုင်ငံကို ရုပ်မြင်သံကြားနေ မိန့်ခွန်းပြောကြားရာတွင် လူတိုင်း အိမ်မှာပဲနေရန်နဲ့ အရေးကြီးတဲ့ လုပ်သားအချို့သာ အလုပ်ကို သွားခွင့်ရှိကြောင်း၊ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ရန်အတွက် နေအိမ်မှာ သုံးမိုင်အတွင်း သွားလာခွင့် ရှိကြောင်း ထည့်သွင်းပြောကြားပါတယ်။

 

 

နေအိမ်မှ ခွင့်ပြုထားတဲ့ အကွာအဝေးထက် ပိုသွားခဲ့ရင် ဒဏ်ကြေးငွေ ပေးဆောင်ရမှာဖြစ်ပါတယ်။ အများသုံးယာဉ်တွေမှာ သယ်ဆောင်နိုင်တဲ့ ပမာဏရဲ့ လေးပုံတစ်ပုံသာ တင်ဆောင်ခွင့် ရှိမှာဖြစ်ပါတယ်။

 

 

အဆောက်အအုံ အတွင်းမှာ ကျင်းပမယ့် အခမ်းအနားတွေနဲ့ နေအိမ်တွေမှာလည်း အလည်သွားခွင့်တွေကို တားမြစ်ထားပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို တားမြစ်ရန် ဒုတိယအကြိမ် အသွားအလာ ကန့်သတ်မှုဟာ  ပထမအကြိမ်နဲ့ မတူဘဲ ပရောဖက်ရှင်နယ် အားကစားပွဲတွေကို ပရိသတ်မပါဘဲ ကျင်းပခွင့် ပြုထားပါတယ်။  တနင်္လာနေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၀,၃၁ ဦးရှိကြောင်း သိရပါတယ်။

 

 

အိုင်ယာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁,၈၅၂ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

a1