ပျဉ်းမနားမြို့တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး လူဦးရေ ၁၅၀၀ ခန့် ထိုးနှံပေးမည်

နေပြည်တော်   ဩဂုတ် ၄

 

နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံရရှိသည့်အတွက် လူဦးရေ ၂၅၀၀ ခန့်ထပ်မံထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

“ယခင်က ဆေးရရှိတာက လူဦးရေ ၁၅၀၀ စာအတွက်ပဲရရှိတဲ့အတွက် ကျွန်မတို့အနေနဲ့ တစ်ရက်ကို လူဦးရေ ၆၀၀ နှုန်းနဲ့ လေးရက်အတွင်း အပြီးထိုးနှံပေးဖို့ လျာထားဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါမှာတော့ လူဦးရေ ၁၅၀၀ စာ ကာကွယ်ဆေးတွေ ထပ်မံရရှိတာ ဖြစ်တဲ့အတွက် ဆေးထိုးနှံရေးစင်တာကို ဆက်လက်ဖွင့်လှစ် ထိုးနှံပေးသွားမှာပါ” ဟု ပျဉ်းမနား ခုတင် ၂၀၀ ပြည်သူ့ဆေးရုံမှ ဒေါက်တာဖြူဖြူဝင်း က ပြောပြသည်။

 

ပျဉ်းမနားမြို့တွင် ဩဂုတ် ၁ ရက် နံနက်ပိုင်းမှစတင်ပြီး အမှတ် ၃ အခြခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ကျန်းမာရေး ဦးစီးဌာနနှင့် တပ်မတော်ဆေးရုံမှ ဆရာဝန်၊ သူနာပြုများ ပူးပေါင်း အဖွဲ့ လေးဖွဲ့ဖြင့်  အသက်(၆၅)နှစ် အထက်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများတွင် ပါဝင်သူများ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ၊ သာသနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို တစ်ဆင့်ချင်း ထိုးနှံ ပေးလျက်ရှိကြောင်း ပျဉ်းမနားမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ဇော်ဖြိုး(ပြန်/ဆက်)