ပန်းတနော်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး Hand Made Face Shield များ အခမဲ့ဖြန့်ဝေ

ပန်းတနော်  ၈   ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လတ်တလောဖြစ်ပွားလျက်ရှိသည့်  ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် ယနေ့ နံနက်က Hand Made Face Shield များကို ကိုယ်တိုင်ပြုလုပ်ပြီး မြို့နယ်အတွင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

တစ်ခါသုံး face mask များ အသုံးများလာသည့်အတွက် အမှိုက် ပိုထွက်လာပြီး ကုန်ကျစရိတ် များလာခြင်းကြောင့် နေ့စဉ် ဈေးထွက်ရောင်းရသူ အခြေခံ လူတန်းစားများအတွက် ရည်ရွယ်ပြီး Recycle အသုံးပြုနိုင်သည့် Hand Made Face Shield များ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့ အမေ့သားအမှိုက်သိမ်းအဖွဲ့၊ လယ်ပေါ်ပရဟိတအဖွဲ့၊ အဖြူရောင်သူငယ်ချင်းများ ပရဟိတအဖွဲ့တို့မှ ပန်းတနော်မြို့မဈေး၊ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကာကွယ်နိုင်ရန်  ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အေးချမ်းအောင်(ပန်းတနော်)