ပြည်တွင်းရွှေဈေး ဆက်လက်ကျဆင်းနိုင်

မတ် ၃၀

 

လက်ရှိ ပြည်တွင်းစျေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၁၄၀၀၀၀ ခန့်ရှိပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောသည်။

 

"အခုဟာ COVID-19 က ကမ္ဘာနဲ့အဝှမ်း ဖြစ်သွားတော့ အရောင်းအဝယ်တွေလည်း အကုန်လုံး ရပ်သွားတာပေါ့၊ စျေးကွက်အလားအလာအရတော့ ကျနိုင်တယ်"ဟု ဦးအုန်းမြိုင်က ပြောသည်။

 

လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ်နည်းပြီး ရွှေဆိုင် ၇၅ ရာခိုင်နှုန်းခန့်မှာလည်း ပိတ်ထားပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"အခု လက်ရှိအတိုင်းအတာမှာ ရောင်းမလွယ်ဘူး၊ ဝယ်ရင် ကြပ်တယ်ဆိုတာမျိုး ဖြစ်သွားပြီ၊ တကယ်ရောင်းနေပြန်တော့လည်း ဘယ်သွားရောင်းလို့ ရောင်းရမှန်းမသိသလို ဝယ်ချင်နေတဲ့လူကလည်း ဘယ်လိုဝယ်ရမှန်း မသိဘူးဖြစ်နေတယ်၊ နောက်တစ်ခုက လူတွေက လောလောဆယ် ကိုယ်က ပစ္စည်းတစ်ခုကို ဝယ်ချင်တဲ့အခါမှာ ငွေနဲ့ဘဲ ဝယ်ရမှာလေ၊ အဲအတွက်ကြောင့် တချို့တော်တော်များများက ငွေကိုဘဲ ပြန်ကိုင်နေတာ များတဲ့အတွက်ကြောင့် ရွှေက လောလောဆယ် အရောင်းအဝယ် ကြပ်သွားတာပါ"ဟု ဦးအုန်းမြိုင်က ဆက်ပြောသည်။

 

ပြီးခဲ့သည့် မတ် ၁၂ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၃၇ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂၁၀၀၀၀ ခန့်အထိ ရှိခဲ့ရာမှ သုံးပတ်အတွင်း မတ် ၃၀ ရက်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၁၃ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၁၄၀၀၀၀ ခန့်သာ ရှိကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။

 

သို့ဖြစ်၍ သုံးပတ်အတွင်း ကမ္ဘာ့ရွှေဈေးမှာ အမေရိကန်ဒေါ်လာ ၂၄ ဒေါ်လာသာ ကျဆင်းခဲ့သော်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၀၀၀၀ ခန့် ကျဆင်းခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အဖြစ် တစ်ဆင့်ပြီးတစ်ဆင့်မြှင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ရက်မှ စက်တင်ဘာ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။

 

ပြီးခဲ့သည့် လေးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင် နိုဝင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၇၃၀၀၀ (နိုဝင်ဘာ ၂၈ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၂၁၉၄၀၀ (နိုဝင်ဘာ ရက်) ဒီဇင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၇၀၈၀၀ (ဒီဇင်ဘာ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၁၉၇၈၀၀ (ဒီဇင်ဘာ ၂၈ ရက်) ဇန်နဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၉၁၆၀၀ (ဇန်နဝါရီ  ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၂၇၀၀ (ဇန်နဝါရီ  ရက်) ဖေဖော်ဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၄၁၀၀ (ဖေဖော်ဝါရီ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၄၂၀၀ (ဖေဖော်ဝါရီ  ၂၈ ရက်) တို့ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။

 

ငြိမ်းငြိမ်း