ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကမ္ဘာ့စီးပွားရေးဖိုရမ်အဖွဲ့က ကြီးမှူးကျင်းပသည့် “Strengthening ASEAN’s Digital Economy for an Inclusive and Sustainable Recovery” ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်

နေပြည်တော် ၁၅ ဇူလိုင်

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) က ကြီးမှူး၍ Video Conference ဖြင့် ကျင်းပသည့် “Strengthening ASEAN’s Digital Economy for an Inclusive and Sustainable Recovery အစည်းအဝေးသို့ ယနေ့မွန်းလွဲပိုင်းက ပါဝင်တက်ရောက်သည်။

 

အစည်းအဝေးတွင် ASEAN Youth Survey 2020 ၏ အဓိကသုံးသပ်ချက်များကို လည်းကောင်း၊ ဒေသအတွင်း စီးပွားရေး ပြန်လည်ရှင်သန်လာစေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ ဒီဂျစ်တယ်စီးပွားရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပါဝင် ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

COVID-19” ကာလအတွင်း မိမိတို့နိုင်ငံက မျိုးဆက်သစ်လူငယ်များ အနေဖြင့် နည်းပညာ တီထွင်ဖန်တီးမှုများ ပိုမိုဆောင်ရွက်ခဲ့ပါကြောင်း၊ Digital Payment စနစ် အသုံးပြုမှု လျင်မြန်စွာ တိုးတက်လာသည်ကိုလည်း တွေ့မြင်ရပါကြောင်း ဆွေးနွေးပြောကြားသည်။

 

သတင်းစဉ်

 

mdn