ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအားလက်ခံတွေ့ဆုံ

နေပြည်တော် ၃ ဒီဇင်ဘာ 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Marianne Hagen အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-နော်ဝေ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုများအား ကူညီပံ့ပိုးရေးနှင့် ပတ်သက်၍  ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများနှင့် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ နော်ဝေကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Park Royal ဟိုတယ်၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်