ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း  ကမ္ဘာ့ဘဏ်မှ Environment, Natural Resources and Blue Economy ဆိုင်ရာမန်နေဂျာ Mr. Christophe Crepin နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ

နေပြည်တော် ၉ အောက်တိုဘာ

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကမ္ဘာ့ဘဏ်မှ Environment, Natural Resources and Blue Economy ဆိုင်ရာမန်နေဂျာ Mr. Christophe Crepin နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကမ္ဘာဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံအဆင့်ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာခြင်းနှင့် သစ်တောကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းအတွက် ဝန်ထမ်းများနှင့် ဝန်ဆောင်မှုပေးမည့်သူများအား စွမ်းဆောင်ရည်မြှင့်တင်ရန် အစီအစဉ်၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ပိုမိုခိုင်မာအားကောင်းစေရေး ဆောင်ရွက်မည့် လုပ်ငန်း၊ ပုဂ္ဂလိက သစ်တောစိုက်ခင်းများ စီမံအုပ်ချုပ်ခြင်းနှင့် သစ်အခြေခံစက်မှုလုပ်ငန်း မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှု၊ ပလစ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ဆောင်ရွက်မှုနှင့် ပလတ်စတစ်အမှိုက်ဆိုင်ရာ လေ့လာမှုအားမြို့ကြီး ၅ မြို့တွင် ဆောင်ရွက်မည့် အခြေအနေများ၊ ပလတ်စတစ်အမှိုက်ဆိုင်ရာ ဥပဒေပြဌာန်းချက်၊ ဌာနအလိုက် ဆောင်ရွက်ချက်၊ စိန်ခေါ်မှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်