ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director ဉီးဆောင်သောအဖွဲ့နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်  ၂၆  နိုဝင်ဘာ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Ms. Mariam Sherman ဉီးဆောင်သောအဖွဲ့နှင့် ယနေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Ms. Mariam Sherman ဉီးဆောင်သော အဖွဲ့က အောက်တိုဘာ ၁၃ ရက်က ကမ္ဘာ့ဘဏ်၏ Global COVID-19 Multiphase Programmatic Approach (MPA) အစီအစဉ်တွင် COVID-19 Vaccine ဝယ်ယူနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကို Additional Financing အဖြစ် ထောက်ပံ့ရန် ကမ္ဘာ့ဘဏ်က အတည်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် Additional Financing ရရှိနိုင်သည့် အခွင့်အလမ်းကောင်းများနှင့် ဝယ်ယူနိုင်မည့် နည်းလမ်းများ၊ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို IDA 19 အစီအစဉ်အောက်မှ မြန်မာနိုင်ငံသို့ ပံ့ပိုးပေးနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံလူဉီးရေ၏ ၂၀ ရာခိုင်နှုန်းကို နည်းလမ်း (၃)ခုဖြင့် ဝယ်ယူဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ကမ္ဘာ့ဘဏ်၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး များက သိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဆက်အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်