ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်  ၂၀   ဖေဖော်ဝါရီ 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ Mr.Kishor Shrestha နှင့် အဖွဲ့ဝင်များအား ယနေ့ညနေ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

aa233

 

တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ဝန်ကြီးဌာနအောက်ရှိ ဉီးစီးဌာန၊ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ Mr.Kishor Shrestha က နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မီဒီယာ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီ ဉက္ကဌ တို့သည် လက်ဆောင်များအပြန်အလှန် ပေးအပ်ကြသည်။

 

ttrh

 

တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင်နှင့် အဖွဲ့ ဝင်များ၊ နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီမှ အဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်