ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အဋ္ဌမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ကျင်းပနိုင်ရေးကိစ္စနှင့်ပတ်သက်၍ မီဒီယာမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၅ ဇူလိုင်

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် အဋ္ဌမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ကျင်းပနိုင်ရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်၊ UNESCO မှ Head of Office, Ms. Min Jeong Kim နှင့် National Project Officer ဒေါ်နိုင်နိုင်အေး၊ IMS/FOJO မှ Country Program Manager, Mr. Finn Rasmussen နှင့် Project Officer ဦးရဲဝင့်လှိုင်ဘွား၊ DW Akademie မှ Local Office Manager, U David Lian ၊ BBC Media Action မှ Country Program Manager, Ms. Rachael Mc Guin ၊ Internews မှ Adviser ဦးသီဟစော၊ JICA မှ Project Officer ဦးအောင်ကျော်စွာနှင့် EU MyPOL မှ Adviser ဒေါ်သင်းသင်းအောင် စသည့် မီဒီယာမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

1

 

တွေ့ဆုံစဉ် အဋ္ဌမအကြိမ်မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံအား ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၀ ရက်နှင့်  ၃၁ ရက်တို့တွင် ကျင်းပရန်လျာထားခဲ့ပြီး COVID-19 ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရွှေ့ဆိုင်းခဲ့ရမှု အခြေအနေ၊ နှစ်စဉ်ကျင်းပမြဲ မီဒီယာညီလာခံကို ပြန်လည်ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ကျင်းပမည့်နေ့ရက်၊ ကျင်းပမည့်နေရာ၊ ကျင်းပမည့်ပုံစံနှင့် ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများအပြင် လက်ရှိမြန်မာ့မီဒီယာကဏ္ဍ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပြောင်းလဲလာသည့် မီဒီယာအခင်းအကျင်းပုံစံတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

2

 

သတင်းစဉ်