ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဒီဇင်ဘာလူထုအားကစားလ(ပထမပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲ

နေပြည်တော် ၇ ဒီဇင်ဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံး အမျိုးသားအားကစား စိတ်ဓါတ်အပြည့်အဝဖြင့် ပြည်သူလူထုတစ်ရပ်လုံး လှုပ်ရှားပါဝင်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ (ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲတွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း အထူးတန်းဝင်ပေါက်ရှေ့၌ ကျင်းပသည်။

 

5

 

အဆိုပါ လမ်းရှောက်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူလူထုများ၊ ကျောင်းသား/ ကျောင်းသူများ၊ အ.ထ.က(၃) မင်္ဂလာတောင်ညွန့်မှ ဘင်ခရာ၊ ပန်းပွားအက ကျောင်းသူလေးများနှင့်အတူ ပါဝင်ဆင်နွဲကြသည်။

 

5

 

စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက စတင်တာလွှတ်ပေးရာ အောင်ဆန်းအားကစားပြိုင်ဝင်း အထူးတန်းဝင်ပေါက်ရှေ့မှ စတင်တာထွက်၍ ဦးထောင်ဗိုလ်အဝိုင်းမှ ကန်တော်ကြီးပတ်လမ်း ကန်ရိပ်သာလမ်းအတိုင်း၊ အထက်ပန်းဆိုး တန်းလမ်းမအတိုင်း အောင်ဆန်းအားကစားပြိုင်ဝင်း အရှေ့ဝင်ပေါက်သို့ ပြန်လည်ပန်းဝင်ကြပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ်များနှင့် Myanmar Fitness Dance လေ့ကျင့် ခန်းများကို ပြုလုပ်ကြသည်။

 

သတင်းစဉ်