ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ သင်ကြားသင်ယူမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁၄ ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်() ရန်ကုန်၏ သင်ကြားသင်ယူမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အခြေခံအုတ်မြစ်စာသင်နှစ် (foundation year) မှ သင်တန်းသား၊ သင်တန်းသူများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားနေမှုနှင့် ၎င်းသင်ရိုးညွှန်းတမ်းအရ အုပ်စုငယ်ဖွဲ့၍ သင်ကြားခြင်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုရာ ဆေးတက္ကသိုလ်() ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 

ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အခြေခံအုတ်မြစ်စာသင်နှစ်မှ သင်တန်းသား၊ သင်တန်းသူများအား ဆေးပညာအခြေခံများကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိတတ်မြောက်ရေးအတွက် ကြိုးစားကြရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ဆေးပညာရှင်များ ဖြစ်ရန်အတွက် အင်္ဂလိပ်စာဘာသာရပ်ကို ကြိုးစားလေ့လာကြရန်၊ ပညာရပ်ထူးချွန်ရုံသာမက ဆေးပညာကျင့်ဝတ်များနှင့်ပါ ညီညွတ်သော ဆေးပညာရှင်ကောင်းများ ဖြစ်စေရေး ကြိုးစားကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခန္ဓာဗေဒဌာနမှ ခန္ဓာဗေဒခွဲစိတ်ခန်း (Cadaveric Lab) တွင် ခေတ်မီခန္ဓာဗေဒခွဲစိတ်ခုံနှင့် အထောက်အကူပြုပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှုနှင့် ဆေးပညာသင်ကြားမှုတွင် အသုံးပြုရန် ကိုယ်ခန္ဓာအလှူရှင်များက လှူဒါန်းထားသည့် ရုပ်အလောင်းများကို ထားသိုသည့် အအေးခန်းတပ်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ယခုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် မျိုးဆက်သစ် ဆေးပညာရှင်များကို သင်ကြားပြသပေးနေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ မျိုးဆက်သစ် ဆေးပညာရှင်များအတွက် လက်ဦးဆရာများဖြစ်သည့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးပညာကျွမ်းကျင်မှု၊ ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာနတွင် Membership of the Royal Colleges of Surgeons (MRCS) စာမေးပွဲ၌ The Royal College of Surgeons of Edinburgh မှ President Professor Michael Griffin Vice-President Professor Rowan Parks စာမေးပွဲစစ်ဆေးသူများ၊ ပြည်တွင်းမှ စာမေးပွဲစစ်ဆေးသူများကို တွေ့ဆုံခဲ့သည်။

 

Membership of the Royal Colleges of Surgeons (MRCS) စာမေးပွဲများကို မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှစတင်၍ လက်ခံကျင်းပခဲ့ပြီး ယခုစာမေးပွဲတွင် The Royal College of Surgeons of Edinburgh မှ စာမေးပွဲစစ်ဆေးသူ ၁၉ ဦးနှင့် ပြည်တွင်းမှ စာမေးပွဲ စစ်ဆေးသူ ဦးတို့က ပြည်တွင်းမှ MRCS စာမေးပွဲဖြေဆိုသူဆရာဝန် ၉၁ ဦးကို ဇန်နဝါရီ ၁၅ ရက်အထိ စစ်ဆေးသွားမည်ဖြစ်သည်။

 

သတင်းစဉ်