ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး IDLO မှ Country Manager, Ms. Morgane Landel အား လက်ခံတွေ့ဆုံ

နေပြည်တော် ၁၅ ဇူလိုင်

 

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် IDLO မှ Country Manager, Ms. Morgane Landel အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် IDLO တို့အကြား ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၆ ခုတွင် သင်ကြားပို့ချလျက်ရှိသော ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းဝင်သင်တန်းတွင် IDLO မှ ဆွေးနွေးပို့ချမည့် အစီအစဉ်များ၊ IDLO မှ နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့ပေးနေသော တရားဥပဒေစိုးမိုးရေး စင်တာများ၏ လုပ်ငန်းစဉ်များနှင့် Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ကာလအတွင်း Online မှတစ်ဆင့် IDLO က ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်