ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

နေပြည်တော်  ၁၀  အောက်တိုဘာ

 

ပြည်ထောင်စုလွှတ်တော်သို့ ယနေ့တွင် နည်းပညာတက္ကသိုလ်(ပုသိမ်)၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ဆရာ/ဆရာမများနှင့်ကျောင်းသား/သူ စုစုပေါင်း(၁၃၆) ဦး လာရောက် လေ့လာခဲ့ကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၅၈,၉၅၉) ဦး ရှိပြီး လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်